Wednesday, August 1, 2012

Galaxy Nexus i515 ကို Official IMM76K ICS 4.0.4 မြှင့်ကြရအောင်



ICS 4.0.4 မြှင့်ဖို့အတွက် IMM76K Update Package လိုပါတယ် ...

Download IMM76K Update Package

4.0.4_IMM76K by FMAM.zip ဖိုင်ကို ဒေါင်းပြီးသွားပြီဆိုရင်တော့ ဖုန်းထဲက SD Card ထဲကို ဘာ Folder မှ မခွဲဘဲ ထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို ပိတ်လိုက်ပါ။

Boot loader mode ထဲဝင်ရပါမယ်။ Boot Loader Mode ထဲဝင်ဖို့အတွက် Volume Up+Volume Down+Power Button တို့ကို တပြိုင်နက်တွဲနှိပ်ပါ။ Boot Loader Mode ဆိုပြီးတက်လာပါလိမ့်မယ်။
မတက်သေးဘဲ ပုံမှန်အတိုင်း ဖုန်းဖွင့်သလိုပဲ တက်နေခဲ့ရင်တော့ Boot Loader Mode ထဲရောက်အောင် ပြန်ဝင်ရပါမယ်။
ရောက်သွားပြီဆိုရင်တော့ Boot Loader Mode ထဲကမှ Recovery Mode ကိုရွေးရပါမယ်။ (Volume ခလုတ်နဲ့ အထက်အောက် ရွေ့နိုင်ပြီး Power ခလုပ်နဲ့ ဝင်နိုင်ပါတယ်)
ပြီးရင် Install zip from SD card ကိုရွေးပြီး ခုနက ထည့်ထားတဲ့ 4.0.4_IMM76K by FMAM.zip ကို ရွေးပေးလိုက်ပါ။
ခဏစောင့်လိုက်ပါ ...
Update successful ဖြစ်သွားရင်တော့ ++++ Go Back ++++ ကိုရွေးပြီး Reboot System Now ကိုရွေးကာ Restart ချလိုက်ပါ။
(အကယ်လို့ ဖုန်းက restart ချလို့ ၃-၄ မိနစ်မှာမှ ပြန်မတက်သေးဘဲ လည်နေရင် ဘက်ထရီကိုဖြုတ်ပြီး ပြန်တပ်ကာ ဒီ procedure ကို အစအဆုံးပြန်လုပ်ရပါမယ်)
Restart ချလို့ တက်လာပြီဆိုရင်တော့ Phone ရဲ့ version ကို ကြည့်လိုက်ပါ။
သင့်ရဲ့ Galaxy Nexus i515 က ICS 4.0.4 တဲ့

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...

0 comments: