Friday, August 3, 2012

Galaxy S II I9100G ကို Official ICS 4.0.3 Firmware တင်မယ်


င်္Firmware မတင်ခင် firmware မြှင့်မယ်ဆိုရင် ဆိုတဲ့ ဒီပို့စ်လေးကို အရင်ဖတ်ကြည့်ပေးပါ။

လိုအပ်တာတွေကို ဒေါင်းရပါမယ် ...
အောက်ကလင့်လေးတွေကို ဒေါင်းလိုက်ပါ။

ICS 4.0.3 XXLPQ Update Zip  (397.9 MB)
odin(415.50 KB)


ပြီးရင် ICS ကို ဖြည်လိုက်ပါ။
Odin ကိုဖွင့်ပါ။
ဖုန်းကို ပိတ်လိုက်ပါ။
Download Mode ထဲဝင်နိုင်ဖို့ Volume Down Key ရယ် Home Key (အလယ်) ရယ် နှိပ်ပြီး Power ခလုတ်ကို နှိပ်ပါ။
ပုံမှာပြထားပါတယ်။





ပုံထဲကလို အစိမ်းရောင် စက်ရုပ်လေးပေါ်လာပြီဆို Download Mode ထဲရောက်သွားပါပြီ

ဒါဆိုရင် USB ကြိုးလေးနဲ့ ကွန်ပြူတာကိုချိတ်လိုက်ပါ။ Odin မှာ COM ဆိုတဲ့ဘောင်လေးမှာ အဝါရောင်လေး ဖြစ်သွားပါမယ်။ မဖြစ်သေးဘူးဆိုရင်တော့ ဒါလေးတွေကို လုပ်ပေးပါ။
  • USB Driver for Samsung Phones ကို ကွန်ပြူတာထဲမှာ Install လုပ်ပြီးသားဖြစ်ရပါမယ်
  • “Settings > Wireless & Network > USB Settings” and ensure that “Samsung KIES”  မှာ အမှန်ခြစ်ဖြစ်ရပါမယ်
ပြီးရင် Odin ထဲမှာ “PDA” ကို “I9100GXXLPQ_I9100GODDLP7_I9100GDDLP5_HOME.tar.md5" ရွေးပေးလိုက်ပါ။
ပြီးတော့ Start နှိပ်လိုက်ပါ။

firmware update စလုပ်ပါပြီ ...

အောင်မြင်စွာ update လုပ်ပြီးသွားပြီဆိုရင်တော့ ဖုန်းက restart ကျသွားပါမယ် ...
USB ကြိုးဖြုတ်လိုက်လို့ ရပါပြီ ...

ဖုန်းပြန်တက်လာလို့ရှိရင် ဖုန်းကို Power ပြန်ပိတ်လိုက်ပါဦး ...
Recovery Mode ထဲဝင်ပြီး “Wipe data/factory reset” နဲ့ “Wipe Cache partition” လုပ်ရဦးမှာမို့ပါ။

Recovery Mode ထဲဝင်နည်းကတော့ Volume Up button နဲ့ Home key (အလယ်) ပါ။
တက်လာရင် “Wipe data/factory reset” နဲ့ “Wipe Cache partition” လုပ်လိုက်ပါ။ ဒါဆို အားလုံးပြီးဆုံးသွားပါပြီ။ သင့်ဖုန်းဗားရှင်းဟာ အခုဆိုရင် Ice Cream Sandwich 4.0.3 ဖြစ်သွားပါပြီ။

အကယ်လို့ update လုပ်နေစဉ်တလျှောက်လုံးမှာ အမှားတစ်ခုခုဖြစ်ခဲ့ရင် ဖုန်းဘက်ထရီကိုဖြုတ်ပြီး ဒီ procedure ကို အစအဆုံးပြန်လုပ်ပါ။

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...

2 comments:

လရောင်မင်း said...

ယူသွားပြီနော်..အကို ..ကျေးဇူးတင်ပါတယ်..

လရောင်မင်း said...

ICS 4.0.3 XXLPQ Update Zip ကို Media Fire မှာပဲဖြစ်ဖြစ်Downloadlink လေးပြောင်း
တင်ပေးပါလား....အခုတင်ထားတဲ့ Link က IDM နဲ့  Down ရတာအဆင်မပြေလို့ ပါ....