Thursday, August 30, 2012

Huawei U8825D ကို Root လုပ်နည်း


အခုပြောပြပေးမှာကတော့ Huawei U8825D ကို root လုပ်နည်းဖြစ်ပါတယ်။ U8825D ဟာ အရင်က ထုတ်ခဲ့တဲ့ Huawei ဖုန်းတွေလို တိုက်ရိုက် root တန်းလုပ်လို့မရတော့ပါဘူး။ Huawei ဆိုက်မှ bootloader ကို unlock လုပ်ခွင့်ပေးမှ root လုပ်လို့ရမှာဖြစ်ပါတယ်။ အခုဆိုရင်တော့ U8825D အတွက် bootloader unlock ကို လုပ်ခွင့်ပေးလိုက်ပါပြီ။
၁။ Bootloader unlock code တောင်းနည်း
-                   Bootloader unlock code တောင်းရန် Huawei official ဆိုက်သို့သွားပါ။





ွGmail ထဲသို့ unlock code ပို့ပေးပါလိမ့်မယ်။ unlock code ရပြီဆိုရင် bootloader unlock လုပ်လို့ရပါပြီ။

၂။ Bootloader unlock လုပ်နည်း
- Bootloader unlock လုပ်တာဟာ ဖုန်းထဲမှာရှိတဲ့ အချက်အလက်တွေပျက်သွားနိုင်သောကြောင့် contact/ SMS တွေကို back up ယူထားပါ။ 
- လိုအပ်သော U8825D driver နှင့် unlockbootloader ကိုဒေါင်းပါ။
- U8825 driverရဲ့ rar ဖိုင်ကို ဖြေပြီး computer ပေါ်တွင် install လုပ်ထားပါ။
- ဖုန်းကို setting/application/fast boot ကို off ထားပါ။ setting/security/unknown sources ကို အမှန်ခြစ်ထားပါ။ setting/ developer options/usb debugging ကို အမှန်ခြစ်ထားပါ။
- ဖုန်းကို ပိတ်ပြီး volume down + power ကို ၁၀ စက္ကန့်လောက်နှိပ်ပြီး fast boot mode ၀င်ပါ။
- ဖုန်းနှင့် computer ကို usb ကြိုးဖြင့် ချိတ်လိုက်ပါ။ 
- unlockbootloader ရဲ့ rar ဖိုင်ကိုလည်း ဖြေပြီး အထဲမှ U8825_unlockbootloader.exe ကို run လိုက်ပါ။

- email မှ ပို့ထားသော unlock code ကိုရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ ဖုန်း reboot ကျသွားပါလိမ့်မယ်။ ဒါဆိုရင်တော့ bootloader unlock လုပ်လို့ပြီးပါပြီ။

၃။ CWM recovery သွင်းနည်း
CWM recovery ကိုဒေါင်းပါ။
- ဖုန်းကို ပိတ်ပြီး volume down + power ကို ၁၀ စက္ကန့်လောက်နှိပ်ပြီး fast boot mode ၀င်ပါ။
- ဖုန်းနှင့် computer ကို usb ကြိုးဖြင့် ချိတ်လိုက်ပါ။ 
- CWM recovery ရဲ့ rar ဖိုင်ကို ဖြေပြီး အထဲမှ recovery6.0.1.2_AscendG330D.exe ကို နှိပ်လိုက်ပါ။ အောက်ပါပုံပေါ်လာပါလိ့မ်မယ်။

- Enter ၁ ချက်နှိပ်လိုက်ပါ။ အောက်ပါပုံ ကျလာပါလိမ့်မယ်။ 
- နံပါတ် ၁ ကိုရွေးပြီး enter ခေါက်ချလိုက်ပါ။ ဖုန်းဟာ reboot ကျသွားပါလိမ့်မယ်။ ဒါဆိုရင်တော့ CWM recovery သွင်းလို့ ပြီးပါပြီ။

၎။ Root လုပ်နည်း
Root လုပ်ရန်လိုအပ်သော Root_U8825D.zip ကိုဒေါင်းပါ။
- ဒေါင်း၍ ရလာသော Root_U8825D.zip ဖိုင်ကို sd card ထဲထည့်ပါ။ 
- ဖုန်းကို volume up + power ကို ပြိုင်တူ ၁၀ စက္ကန့်လောက် နှိပ်၍ CWM recovery mode သို့ဝင်ပါ။
- ပြီးလျှင် install zip from sdcard > choose zip from sdcard > Root_U8825D.zip ကို update လုပ်ပါ။
- main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။ ပြန်တက်လာရင်တော့ super user လေးကို မြင်တွေ့ရမှာဖြစ်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ...........

24 comments:

mobile hobby said...

August 30, 2012

THANKS FOR THIS
but i have found problem that unlock fail invalid key
So Please help me for this problem

ဒေါက်တာကိုရဲ said...

ကျွန်နော်လည်း အဲဒီလိုပဲ ဖြစ်နေတယ်.

chitloonthu said...

root recover zip ကို install လုပ်အပီးပြန်အတက်မှာ 3g လိုဂိုမှာပဲ ရပ်နေတယ်ခင်ဗျ

targyi said...

Superuserတော့ရပါတယ်။ဒါပေမဲ့ no root access ပဲပြပါတယ်။

Unknown said...

super user မှာ binary update fail ဖြစ်နေပါတယ်ခင်ဗျာ။

targyi said...

root access ဘယ်နည်းနဲ့ ရပါသလည်း

Unknown said...

For No root access users,
Install any superuser apk in that state, and than open it. NOW you will see root access and go on with zawgyi font installer, don't worry for 2 superusers! ENJOY NOW

targyi said...

thanks,its work.I can use myanmar fonts.Thanks again

Unknown said...

Unlock code အတွက် battery ခွာကြည့်တော့ IMEI1 , IMEI2 ဆိုပီး no ကနှစ်ခုဖြစ်နေတယ် ဘယ်ဟာကိုဖြည့်ပေးရမှာလည်း မသိဘူးဖြစ်နေပါတယ်..

BO said...

Dial Pad ကနေ *#06# ရိုက်လိုက်ပါ IMEI ပေါ်လာပါလိမ့်မယ်

BO said...

Dial Pad ကနေ *#06# ရိုက်လိုက်ပါ IMEI ပေါ်လာပါလိမ့်မယ်

Unknown said...

*#06# ကိုရိုက်တော့လည်း IMEI : no နှစ်ခုပဲပေါ်နေတယ် ဘယ်နံပတ်ထည့်ပေးရမှာလည်း မသိဘူးဖြစ်နေတယ်

tharthar said...

super user apk တစ်ခုထည်.ပေးလိုက်ပါ အဆင်ပြေသွားပါလိမ်မယ်

tharthar said...

battery ဖြုတ်လိုက်ပါ ပြီးမှbattery ကိုပြန်တပ်လိုက်ပါ အဆင်ပြေသီာပါလိမ့်မယ်

tharthar said...

U ဆိုရင်အပေါ်ကIMEI ကိုယူပါ
C ဆိုရင်အောက်ကIMEI ကိုယူပါ

tharthar said...

U ဆိုရင်အပေါ်ကIMEI ကိုယူပါ C ဆိုရင်အောက်ကIMEI ကိုယူပါ

tharthar said...

u8825Dကိုunlock code တင်စရာမလိုပဲ root လုပ်လို့ရနေပါပြီ

Plan B said...

tharthar ဘယ်ကိုလဲ မင်းလုပ်တတ်တာလား ညွှန်ပါ....... ပြောပါ သူများတွေ
တတ်နိုင်သလောက်ဖြေရှင်းပေးနေတာ ကန့်လန့်လုပ်ပါနဲ့ဗျာ ...

TUN TUN said...

unlock code က gmail ထဲ မ၀င်ဘူး ပြောတဲ့နည်းအတိုင်းဘဲ လုပ်နေပါတယ် unlock code မယူဘဲ တစ်ခြားနည်းရှိသေးလားမသိဘူးနော် ရှိရင်ပြန်ပို့ပေးပါနော် ကျွန်တော်အကောင့်က tuntunmon007@gmail.com

Unknown said...

တရုတ်စာကနေenglish ပြောင်းလို.မရလို.။option ရျာမတွေ.ဘူးဖြစ်နေတယ်။။ဘယ်လိုပြောင်းရလဲဟင်။ညီမaccount က beatpicker9bbo@gmail.com့ပါ။

Unknown said...

Pattern lock မေ့သွားရင်ပြန်ဖွင့်လို့ရတဲ့softwareလေးလိုချင် ပါတယ်

LEARNERS English & Japanese Training Centre said...

HUAWEI G510 ကို Root လုပ်ပြီး မြန်မာဖောင့်သွင်း ချင် ပါတယ်
ခင် ဗျာ။ ကျေးဇူးပြုပြီးဘယ်လိုလုပ် ရလဲဆိုတာ ပြောပြ ပေးစေလို ပါတယ်ခင် ဗး။

Zinbo said...

Gmail ထဲမ၀င်ဘူးဗျ..ဘယ်လိုလုပ်ရမလဲမသိတော့ဘူး. ကူညီပါအုံးဗျာ

naykha20 said...

အကို ရေ ဖုန်းနဲ့လုပ်တာ security ကို warning တောင်းနေတာ သူမေးတာက go back / view certificate / continue ရယ် သုံးခုထဲက ရွေးခိုင်းတယ် ညီက continue ရွေးတော့ သူက security ကို warning တောင်းနေတာ ဘယ်လိုလုပ်ရမလဲ