Thursday, August 2, 2012

Samsung Galaxy S3 GT-I9300 ကို Root လုပ်နည်း

Samsung Galaxy S3 GT-I9300 နဲ့ Samsung Galaxy S3 GT-I9300T တို့အတွက် အသုံးဝင်တဲ့ ပို့စ်လေးပါ။



လိုအပ်တာတွေကို ဒေါင်းရပါမယ် ...
ကွန်ပြူတာနဲ့ ချိတ်ဆက်နိုင်ဖို့အတွက် USB Driver For Samsung Phones ကိုဒေါင်းပါ။

USB Driver For Samsung Phones
Odin 3 v1.85
CF-Root 6.3




လုပ်ဆောင်ရန်

  1. CF-Root-SGS3-v6.3 by FMAM.zip  ကို ဖြည်လိုက်ပါ။ CF-Root-SGS3-v6.3.tar ဖိုင်ကိုရပါမယ်။
  2. Odin3 v1.85 ကို ဖြည်လိုက်ရင် Odin3-v1.85.exe ကိုရမှာပါ။ (ဒီဖိုင်တွေကို လွယ်လွယ်ကူကူ ရှာတွေ့နိုင်ဖို့ Desktop ပေါ်မှာပဲထားဖို့ အကြံပေးချင်ပါတယ်)
  3. ဖုန်းပိတ်လိုက်ပါ။ 
  4. Download Mode ထဲဝင်ဖို့အတွက် Volume Down ရယ် Home (အလယ်) နဲ့ Power ခလုတ်ကို ပြိုင်တူနှိပ်ပါ။ ပြီးရင် Screen တက်လာရင် Volume Up ကိုနှိပ်ပါ။ ဒါဆိုရင်တော့ Download Mode ထဲရောက်သွားပါပြီ။
  5. ဖုန်းကို USB ကြိုးမှတဆင့် ကွန်ပြူတာနဲ့ချိတ်လိုက်ပါ။
  6. ခုနကဖြည်ထားတဲ့ Odin3 v1.85.exe ကို Run လိုက်ပါ။ ဘယ်ဘက်ထောင့်က အကွက်လေးမှာ Added ဆိုပြီးပေါ်သွားပါလိမ့်မယ်။ မပေါ်သေးရင် USB Driver for Samsung Phones ကို သေချာပြန်တင်ပါ။
  7. Odin မှာ PDA နေရာမှာ CF-Root-SGS3-v6.3.tar ဖိုင်ကိုရွေးပေးပါ။
  8. Options မှာ Repartition ကို အမှန်ခြစ်ထားရင် ဖြုတ်ပေးပါ။
  9. ပြီးရင် Start ကိုနှိပ်ပြီး ပြီးအောင်စောင့်လိုက်ပါ။
  10. Pass ဆိုပြီးပေါ်လာပြီး အစိမ်းရောင်အောက်ခံလေးပြောင်းသွားရင် USB ကြိုးကိုဖြုတ်လိုက်ပါ
  11. သင့်ဖုန်းဟာ အလိုလို reboot ကျပြီး ClockworkMod Recovery ထဲဝင်ပြီး အော်တို အမြစ်တူးပါလိမ့်မယ်။ ပြီးတော့ နောက်တစ်ခေါက် reboot ပြန်တက်လာတဲ့အခါ အောင်မြင်စွာ အမြစ်တူးထားတဲ့ ဖုန်းလေးဖြစ်သွားပါပြီ။ ကြိုက်တဲ့ CUSTOM ROM တွေလည်း တင်လို့ရပီပေါ့ (အကယ်လို့ reboot ကျပြီး ClockworkMod Recovery ထဲမဝင်ခဲ့ရင် rooting လုပ်တာ fail ဖြစ်ပါတယ်။ ဒါကြောင့် အဆင့် ၃ ကနေ ပြန်လုပ်ပါ) 
အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...
နောက်ထပ် ပို့စ်အသစ်များတင်နိုင်အောင် အမြဲတမ်းကြိုးစားလျက် ... 

6 comments:

လရောင်မင်း said...

Odin 3 v1.85 နှင့် CF-Root 6.3 Download မရပါ........
(This+file+is+private+and+cannot+be+displayed.) ဟု
ပြနေပါသည်။ Link လေးတစ်ချက်လောက်ပြန်စစ်ဆေးပေးပါ..
ခင်ဗျာ....ကျေးဇူးတင်ပါသည်...

BO said...

ပြောပြပေးတာ ကျေးဇူးတင်ပါတယ်ဗျာ .. ကျွန်တော် လင့်ကို public မလုပ်မိလို့ပါ ... အခုဒေါင်းလို့ရပါပြီ

လရောင်မင်း said...

ကျေးဇူးတင်ပါတယ် ခင်ဗျာ.. Down နေပါပြီ...

လရောင်မင်း said...

အကိုရေ..Download software နာမည်တွေရဲ့ ဘေးမှာ
Software size ကို တစ်ခါတည်းဖော်ပြပေးစေချင်ပါတယ်...

လရောင်မင်း said...

ကျွန်တော်တောင်းဆိုထားတဲ့ Post လေးကိုတင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လို့ ထပ်ပြော
ပါရစေ....

Unknown said...

ဒကာကြီးရေ s3 ကို root လုပ်လိုက် ပါက offical update ထွက်ရင် update ကို ဖုန်းကနေပြီး
AUTO UPDATE လုပ်ရမရ သိချင်ပါတယ် ၊ ကျေးဇူးပြူ ပြီး ဖြေပေးစေချင်ပါတယ် ၊
အားပေးလျှက်
အရှင်ခေမိန္ဒ