Wednesday, August 8, 2012

Samsung Galaxy Series တွေမှ မြန်မာ font ထည့်နည်း

အကုန်လုံး သိပြီးသားဖြစ်မှာပါ ... ဒါပေမယ့် မသိသေးတဲ့ သူတွေအတွက် ပြန်တင်လိုက်တာပါ။ မနေ့က ကျွန်တော့ သူငယ်ချင်းတစ်ယောက် ဆိုင်မှာ ဟန်းဆက်ဝယ်ရင်းနဲ့ ထည့်လာတာ ၅၀၀၀ ပေးလိုက်ရတယ်ဆိုလို့ပါ။ ဒီလိုမျိုးတွေ မဖြစ်စေချင်ပါဘူး။ ဒါ ဘာမှ ခက်တဲ့ ကိစ္စမဟုတ်ပါဘူး။ ကဲ ... ထားလိုက်ပါတော့ ကျန်တဲ့သူတွေအတွက်ပေါ့ဗျာ ..

မြန်မာဖောင့်ထည့်ဖို့အတွက် ဇော်ဂျီဖောင့် နဲ့ frozen keyboard ကိုဒေါင်းရပါမယ်။

မြန်မာလို မြင်ရဖို့အတွက် Zawgyi-One TTF ကို ဒေါင်းပါ



မြန်မာလိုရိုက်လို့ရဖို့အတွက် Frozen Keyboard ကိုဒေါင်းပါ

ပြီးရင် နှစ်ခုစလုံးကို ဖုန်းထဲမှာ install လုပ်လိုက်ပါ။
ပြီးရင် Settings > Locale and text မှာ FrozenKeyboard ကို အမှန်ခြစ်ပါ .. ပြီးတော့ အပေါ်နားက Select input method မှာလည်း FrozenKeyboard ကို ရွေးပေးပါ။
ပြီးရင် ပြန်ထွက်ပြီး Settings > Display ထဲက Font style ထဲဝင်ပြီး Zawgyi One TTF ကိုရွေးပေးပါ။
Restart ချဖို့ တောင်းပါလိမ့်မယ် ... ချလိုက်ပါ။
ဒါဆို ပြန်တက်လာရင် မြန်မာ website တွေလည်း ကြည့်လို့ရပါပြီ ... message လည်း မြန်မာလို ပို့လို့ ရပါပြီ ...

အားလုံးပဲ အရာရာ အဆင်ပြေကြပါစေဗျာ ...

1 comments:

Hein said...

Just I installed on Galaxy Tab 2 7.0 wifi, all OK !!! Thanks a lot.