Thursday, August 30, 2012

WritePad

Android တွေ ပေါ်လာတယ် သုံးရတာလည်း အဆင်ပြေတော့ လူသုံးတွေလည်းများလာတယ် ။ ဒါပေမယ့် keypad လေးတွေက သေးတာက ၁ မျိုး .. လက်ကွက် မရလို့ စိတ်ညစ်ရတာက ၁ မျိုးနဲ့ .. စာရိုက်ဖို့ဆို စိတ်ညစ်စရာတွေ စကြုံတာပါပဲ ။ ကိုယ့်လက်ရေးကို သိမ်းပေးထားတဲ့ Notepad App တွေ ၁ ပုံ ၁ ပင်ကြီး ဆိုပေမယ့် သိမ်းထား ပြန်ကြည့်ဖို့ပဲ အဆင်ပြေတယ် .. စာပို့ဖို့တွေ .. အွန်လိုင်းမှာ Web Address တို့လို Computer က သိဖို့ ကျတော့ စိတ်ပျက်စရာဖြစ်တာပေါ့ .. အဲ့ဒါကိုဖြေရှင်းပေးနိုင်မယ့် App ကတော့ WritePad ပဲ ဖြစ်ပါတယ် ။



သုံးရတာ လည်းလွယ်တယ် .. အဆင်လည်းပြေတယ် .. လက်ရေးကိုလည်း သိပ်မရွေးဘူး သင့်တော်တာကို ပြောင်းပေးတယ် .. Dictionary ပါအမှန်လေးခြစ်ပီးသုံးမယ်ဆို ဖြစ်နိုင်တဲ့ စာလုံးကို Auto ရွေးပေးလိမ့်မယ် ။ နာမည်တွေ ရိုက်မယ်ဆိုရင်တော့ ကသိကအောင့် ဖြစ်ရတယ် Dictionary နဲ့ သွားတိုက်လို့လေ .. :D .. KeyBoard နေရာမှာ WritePad လေး ရွေးပေးလိုက်တယ်ဆိုတာနဲ့ပဲ .. သုံးလို့ရပါတယ် .. @ လိုစာလုံးမျိုးက အစ ရေးရတာ အဆင်ပြေအောင် လုပ်ထာပေးပါတယ် ။ Keypad လေးတွေ ရိုက်ရတာ စိတ်ညစ်တယ် ဆိုတဲ့ သူတွေ အတွက် အဆင်ပြေမယ် လို့ မျှော်လင့်ပါတယ် ။ လိုချင်တယ်ဆို အောက်က သူ့ Icon လေးကို နှိပ်ပီး ရယူနိုင်ပါတယ်။အားလုံး အဆင်ပြေကြပါစေ ။

0 comments: