Saturday, September 1, 2012

2012 အတွင်း ထွက်ရှိမည့် Huawei Android Phone & Tablet (၆)မျိုး

Huawei Ascend D1 Quad XL

Huawei Ascend D1 Quad XL ကတော့ ဒီနှစ်မှာပဲ ထုတ်လုပ်ခဲ့တဲ့ Huawei Ascend D1 ကို အဆင့်မြှင့်တင်ထားတာ ဖြစ်ပါတယ်။ Display 4.5 inch ရှိပြီး resolution 1280 x 720 pixel အထိ အထောက်အပံ့ပေးနိုင်သော LCD display technology ကို သုံးထားတာ ဖြစ်ပါတယ်။ 1.2 GHz Core Quad Processor ကို သုံးထားတာ ဖြစ်တာကြောင့် အသုံးပြုရ မြန်ဆန်စေမှာ ဖြစ်ပါတယ်။ ကင်မရာ ကလည်း 8 mega pixel Camera ဖြစ်ပြီး 720p HD Video များ ရိုက်နိုင်ပြီး ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံများ လည်း ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် front camera မှလည်း 1.3 mega pixel အထိ ပေးထားပြီး 3G video chat များအသုံးပြုရာတွင်လည်း ရုပ်ထွက်ကောင်းမွန်မှာဖြစ်ပါတယ်။ Micro SD Card Slot ပါဝင်ပြီး 2600 mAh battery ကို သုံးထားတာ ဖြစ်ပါတယ်။

Huawei Ascend D1 Quad XL



Operating System ကတော့ Ice Cream Sandwich 4.0 အဆင်သင့် ပါဝင်ပြီး ဖြစ်ပြီး ဒီဖုန်းအမျိုးအစား အတွက် Jelly Beam Update ကိုတော့ လာမယ့် ဒီဇင်ဘာ ၂၀၁၂ မှာထွက်ရှိမယ်လို့ ဆိုထားပါတယ်။


Huawei MediaPad 10 FHD

Huawei MediaPad 10 FHD ကတော့ 10.1 inch ရှိတဲ့ Tablet ဖြစ်ပြီး ၂၀၁၂ နှစ်ဆန်းပိုင်းက ရောင်းချခဲ့တာ ဖြစ်ပါတယ်။ 580 gram လေးချိန်ရှိ Aluminium Chassis နဲ့ 8.8 mm အထူနဲ့ အပါးလွှာဆုံး Tablet ထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။

Huawei MediaPad 10 FHD

Maximum resolution 1920 x 1200 အထိ အထောက်အပံ့ ပေးထားပါတယ်။ 16 Core GPU နဲ့ RAM 2GB ရှိပါတယ်။ အနောက်ဖက် Camera ကတော့ 1080p HD 8 mega pixel Camera ဖြစ်ပြီး အရှေ့ဘက် Camera ကတော့ 1.3 mega pixel ဖြစ်လို့ video chat အသုံးပြုနိုင်ပါတယ်။ Dolby Song Technology သုံးထားပြီး Android Version ကတော့ 4.0 ICS ပါ။ 6600 mAh battery ကိုသုံးထားပါတယ်။

ဒီ Tablet ကိုတော့ ၂၀၁၂ စက်တင်ဘာ နောက်ဆုံးပတ်မှာ Germany, Sweden, Russia, Belarus, Korea, Bahrain နဲ့ Kuwait နိုင်ငံများမှာ  € 429 နဲ့ ဖြန့်ချီမယ်လို့ ပြောထားပါတယ်။


Huawei Ascend G600

Huawei Ascend G600 ကတော့ 4.5 inch 960 x 540 pixel pHD ရှိပြီး Screen ကို အခြစ်ရာများမှ ကာကွယ်ပေးနိုင်ရန် Gorilla Glass တပ်ဆင်ထားပါတယ်။ CPU 1.2 GHz ရှိပြီး RAM ကတော့ 768 MB ရှိပါတယ်။ Internal Memory 8 GB အထိပေးထားပြီး  1080p HD Record လုပ်နိုင်သော 8 mega pixel ပါသော ကင်မရာအပြင် front camera လည်းပါဝင်တာကြောင့် video chat အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ DTS Audio Technology သုံးထားတဲ့ speaker ကြောင့် အသံထွက် ကောင်းမွန်မှာ ဖြစ်ပါတယ်။ OS ကတော့ 4.0 ICS ပါ။

Huawei Ascend G600

Huawei Ascend G330

Huawei Ascend G330  ကတော့ ဥရာပမှာ လူအကြိုက်များဆုံးထဲက တစ်ခုဖြစ်တဲ့ smart phone လေးပါ။ 4 inch မြင်ကွင်းအကျယ်ရှိ WVGA ဖြစ်ပြီး maximum resolution 800 x 480 pixel ရှိပြီး TFT Screen Display ဖြစ်ပါတယ်။ 1 GHz Dual Core Processor သုံးထားပြီး 512 MB RAM နဲ့ 4GB ROM ပါဝင်ပါတယ်။ 5 mega pixel camera ပါဝင်ပြီး  bluetooth 2.1, GPS Function နဲ့ 1500 mAh Battery တို့ ပါပါတယ်။ ICS 4.0 OS ဖြစ်တယ်။ ဥရောပမှာ ၁၉၉ ယူရိုနဲ့ ရောင်းချနေတယ်။

Huawei Ascend G330


Huawei Ascend Y201 Pro

လူငယ်များအတွက် အဓိကထား ထုတ်လုပ်ထားတဲ့ ဒီဖုန်းမှာတော့ maximum  480 x 320 pixel display ရှိတဲ့ 3.5 inch Touch Screen ဖုန်းလေးပါ။ CPU 800 MHz, 512MB Ram, 4GB internal memory, 3.2 mega pixel camera, 1400 mAh battery တို့ ပါဝင်ပါတယ်။ ICS 4.0 Operating System ဖြစ်ပြီးတော့ ၁၂၉ ယူရို တန်ဖိုးရှိပါတယ်။

Huawei Ascend Y201 Pro

Huawei MediaPad 7 Lite Tablet

Maximum resolution 1024 x 600 pixels နဲ့ Cortex A8 1.2 GHz Single Core Processor အားနဲ့ မောင်းနှင်ပြီး 4000 mAh battery ကို သုံးထားပါတယ်။ နောက် Camera 3.2 mega pixel အပြင် အရှေ့ ဘက်မှာလည်း VGA Camera ပါဝင်ပါတယ်။ ၂၄၉ ယူရို (သို့) $311 နဲ့ နောက်လထဲမှာ ဖြန့်ချီနိုင်အောင် ကြိုးစားနေတယ်လို့ Huawei Company က ကြေညာထားပါတယ်။


Huawei MediaPad 7 Lite Tablet


0 comments: