Monday, September 3, 2012

MusiXmatch


သီချင်းတွေ နားထောင်တယ် ။ နားထောင်ရင်း သီချင်း စာသား တွေ သိချင်တဲ့ အချိန် များရှိလား ? သီချင်းစားသားလေး ကြည့်ပီး နားထောင်မယ်ပေါ့ ။
သိတဲ့ အတိုင်း Online ပေါ်တတ် Lyric ရှာရပီ ။ ကိုယ်ကြည့်နေကျ Site ဆိုရင်ပဲ Browser ဖွင့် သီချင်းနာမည်ရိုက် ရှာ ။တွေ့ပီဆို Notepad နဲ့ ဖြစ်ဖြစ် သိမ်းထား ။
Adriod ပေါ်မှာကျတော့ ပိုရှုပ်တယ် သီချင်းနားထောင်ရင်း သီချင်းစားသားကို ပြန်ဖတ်ရတာ ။ PC သုံးတုန်းကလို Window Media Player မှာ Plug In လေးထည့် သီချင်းစားသားလေးတွေပေါ် ။
အဆင်ကိုပြေရော အဲ့လို မျိုးလေး Android မှာ လုပ်နိုင်တယ်ဆို ဘယ်လောက်ကောင်းမလဲ ?


 Android မှာကျတော့ အဲ့လို သီချင်း ဖွင့်လိုက်တာနဲ့ Auto ရှာပေးမယ့် App လေး ရှိပါတယ်။
ဒါကတော့ MusiXmatch ပါ ။ သူက ရှင်းရှင်းပြောရရင် Mp3 Android Player လေးပါပဲ ။ MusiXmatch လေးကို ဖွင့် အဲ့ထဲက နေ ကိုယ် နားထောင်ချင်တဲ့ သီချင်းလေး ဖွင့်လိုက်တာနဲ့ Lyric Auto
ရှာပေးပါလိမ့်မယ် .. Online ဖြစ်နေဖို့တော့လိုတယ် . ၁ ခါရှာထားပီးရင်တော့ နောက်ပိုင်း Offline ဖြစ်နေတယ်ဆိုလည်း Lyric ကို သိမ်းထားပေးမှာပါ ။ သီချင်းစာသားလေးတွေ ကြည့်ပီး သီချင်း
နားထောင်မယ့် သူတွေ အတွက် အလွန်အဆင်ပြေမယ့် App လေး ၁ ခုလို့ထင်ပါတယ်။ မြန်မာ စားသားတော့ အလုပ်မလုပ်ပါဘူး ။ လိုချင်တယ်ဆိုရင်တော့ အောက်က သူ့ Icon လေးကို နှိပ်ပီး ရယူနိုင်ပါတယ်။


0 comments: