Monday, September 17, 2012

Xperia™ U - Root လုပ်နည်း


Xperia™ U ကို Root လုပ်မယ် ဆိုရင် ပထမဆုံး Unlocking The BootLoader လုပ်ရပါမယ် ။
Unlocking The BootLoader လုပ်နည်းကို   ဒီမှာ   လေ့လာနိုင်ပါတယ် ။

Xperia™ U ကို Root လုပ်ဖို့ အောက်က elf file လေးကို အောက်က Download Link မှာ ရယူပါ ။


Unlocking The BootLoader လုပ်ပီးသွားပီ Unlock ဖြစ်သွားပီ ဆိုရင်
 * Setting>Application>unknown sources 
 * Setting>Application>Development>Usb debugging တွေမှာ အမှန်ခြစ်ပီး ဖွင့်ထားလားစစ်ပါ ။ မဖွင့်ရသေးရင် အရင်ဆုံးဖွင့်ပါ ။

Service ကို ဖွင့်ပီးသွားပီ ဆိုရင် ဖုန်းကို ပိတ်လိုက်ပါ ။

Download ရလာတဲ့ rootxperiaubyfmam.elf File လေးကို Fastboot ဖိုင်ထဲကို ထည့်ပေးပါ ။ (Fastboot Folder လေးက Unlock လုပ်ပီးသွားပီဆိုရင်  Unlocking The BootLoader ထဲမှာ ဒေါင်းထားတဲ့ unlock bootloaders.zip ထဲမှာ ပါထားပီးသား ဖြစ်နေလို့ ရှိနေပီထင်ပါတယ် )

Volume Up Button လေး နှိပ်, Computer Usb ကြိုးနဲ့ မိမိ ဖုန်းကို ချိတ်ဆက်လိုက်ပါ ။
မိမိလုပ်ဆောင်ချက် မှန်ကန်တယ် အောင်မြင်တယ်ဆိုရင် မီး အပြာ ရောင်လေး လင်းလာပါလိမ့်မယ် ။

rootxperiaubyfmam.elf File ထည့်ထားပီးသား ဖြစ်နေတဲ့ Fastboot Folder ကို ဖွင့်လိုက်ပါ ။ ပီးရင် Folder ထဲက နေရာလွတ် ၁ နေရာမှာ Shift+Mouse Right Click >Open command window here ကို ရွေးလိုက်ပါ ။ Command Prompt ၁ ခု တတ်လာပါလိမ့်မယ် ။ 

Command Prompt ပေါ်လာပီ ဆိုရင် သေချာအောင်  fastboot devices  ဆိုတာ ရိုက်ပီး Enter နှိပ်ပါ ။ fastboot ဆိုတာ ပေါ်လာပါလိမ့်မယ် ။

နာက် ၁ ကြောင်းကတော့   fastboot flash boot rootxperiaubyfmam.elf  ဆိုတာ ရိုက်ပီး Enter ထပ်နှိပ်ပါ ။

Finish လို့ပေါ်လာပီ ဆိုရင် Usb ကြိုးကို ဖြုတ်လိုက်ပါ ။ ပီးရင် Power ဖွင့်လိုက်ပါ ။ Application တွေ ထဲမှာ SuperUser  ဆိုတဲ့ အကောင်လေး တွေ့ပီ ဆိုတာနဲ့ Root လုပ်ခြင်း အောင်မြင်စွာ ပီးစီးသွားပီ ဖြစ်ပါတယ် ။ အားလုံး အဆင်ပြေကြပါစေ ။

 * Xperia™ U - Build No, 6.0.B.1.564 ကို Root လုပ်ပီး ရေးထား တာဖြစ်ပါတယ် ။ Sony တွေမှာ Android Version ထက် Build No ကို ကြည့်မှ အဆင်ပြေပါတယ် ။ Build No က အသေချာဆုံးဖြစ်ပါတယ် ။ 

5 comments:

လရောင်မင်း said...

ပညာရတဲ့ Post လေးအတွက် FMAM ကိုအမြဲတမ်း ကျေးဇူးတင်လျှက်...

Unknown said...

ကျနော့ Blog လေးမှာ ပြန်လည်မျှဝေပေးဖို့ ကူးယူသွားပါတယ် ခင်မျာ.... မေးနေတာတွေလဲများနေလို့ပါ ကျေးဇူးအများကြီးတင်ပါတယ် ....:)

Unknown said...

ကျွန်တော်ဖုန်းက Sony Xperia U ST25i build number 6.0.B.3.188 ပါ...အထက်ပါ အဆင့်နဲ့ root လုပ်တာ အဆင်ပြေပါတယ်...တကယ်ကို ကျေးဇူးတင်ပါတယ်... ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေ....

နေမိုး said...

ကျွန်တော်ဖုန်းက Sony Xperia U ST25iပါပဲ။ ဒါပေမယ့် root လုပ်ပြီးတော့ နောက်ဆုံးအဆင့် Finishလို့လည်း ပေါ်ပြီးတော့ ပါဝါပြန်ဖွင့်တာ ဘာမှ တက်မလာတော့ဘူး။ အမျိုးမျိုးစမ်းကြည့်လည်း မရတော့ဘူး။ ကူညီပါဦးခင်ဗျာ။ ဘယ်လိုပြန်လုပ်ရမလဲဆိုတာ။ Volume Up Button လေး နှိပ်, Computer Usb ကြိုးနဲ့ အရင်လိုလုပ်ကြည့်တော့လည်း မီးအပြာလေးက လင်းမလာတော့ဘူး။ ဘာဖြစ်သွားတာလဲ မသိဘူး။ ဘာမှကို လုပ်လို့မရတော့ဘူး။ Unlocking The BootLoader လုပ်ပီးသွားပီ။ အဆင်ပြေတယ်။ root လုပ်တဲ့အခါကျမှ အဆင်မပြေတော့တာ။ ကူညီပါဦးခင်ဗျာ။

Unknown said...

ကျနော်.ဖုန်းလဲ SONY ဆိုတဲ့ စာတန်းပဲပေါ်ပြီး ဘာမှမတက်လာတော့ဘူးဗျာ..ဘ
လိုလုပ်ရမလဲ ကူညီကြပါအုံး