Sunday, August 12, 2012

Samsung Galaxy S2 GT I9100 ကို Official ICS 4.0.4 တင်ရအောင်



အရင်ဆုံး firmware မြှင့်တော့မယ်ဆိုရင် ဆိုတဲ့ post လေးကို ဖတ်ကြည့်ပေးပါ။
ပြီးရင်တော့ လိုအပ်တာလေးတွေဒေါင်းရပါမယ်။



ICS 4.0.4 XWLPO Firmware Package (388.3 MB) (ဒေါင်းပြီး zip ဖိုင်ဖြည်ထားပါ)
Odin (456.59 KB)
USB Driver For Samsung Mobile (22.9 MB) (တင်ပြီးသားဆိုရင် ပြန်တင်ဖို့ မလိုတော့ပါဘူး)

ပြီးရင် Download Mode ထဲဝင်ဖို့ ဖုန်းပိတ်ပါ။
PC မှာ Odin ကို အဆင်သင့်ဖွင့်ထားလိုက်ပါ။
ပိတ်ပြီးသွားရင် Volume Down + Home + Power နှိပ်ပြီး Download Mode ထဲဝင်ပါ။
ပြီးရင် Computer နဲ့ USB ကြိုးကတဆင့် ချိတ်လိုက်ပါ။ ဒါဆိုရင် Odin ထဲမှာ COM Section မှာ အဝါရောင်လေး ဖြစ်သွားပါမယ်။

Re-partation မှာ အမှန်မခြစ်ပါနဲ့ ။ Auto Reboot နဲ့ F.Reset Time မှာ အမှန်ခြစ်ပါ။
ပြီးရင် PDA နေရာမှာ ခုန zip ဖြည်ထားတဲ့ထဲက md5 ဖိုင်ကို ရွေးပေးလိုက်ပါ။
အကုန်ပြီးသွားရင်တော့ Start ကို နှိပ်လိုက်ပါ။

၎-၅ မိနစ်လောက် သူ့ဟာသူ update လုပ်အပြီးမှာတော့ ဖုန်း restart ကျသွားပါလိမ့်မယ်။
ဒါဆိုရင်တော့ သင့်ဖုန်းကို PC ကနေဖြုတ်လိုက်ပါ။ ပြီးတော့ ဖုန်းကိုလည်း ပြန် switch off လုပ်လိုက်ပါ။
ဒါမှ Recovery Mode ထဲဝင်လို့ရမှာမို့ပါ။

Recovery Mode ထဲဝင်ဖို့ Volume Up+Home ကိုတွဲနှိပ်ပြီး Power ခလုပ်ကို နှိပ်လိုက်ပါ။
Wipe Data/Factory Reset ထဲက Wipe Cache Partation ကို ရွေးပေးပါ။
ပြီးရင် Reboot Now ရွေးလိုက်ပါ။

ဒါဆို ဖုန်းပိတ်သွားပြီး ပြန်တက်လာရင် သင့်ဖုန်းဟာ Android Version 4.0.4 ဖြစ်သွားပါပြီ။

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...

8 comments:

လရောင်မင်း said...

ကျွန်တော်တောင်းဆိုတဲ့ Post လေးကိုတင်ပေးတဲ့အတွက် အရမ်း
ကျေးဇူးတင်ပါတယ်....

လရောင်မင်း said...

အကိုတင်ပေးထားတဲ့ Software လေးတွေနဲ့  ကျွန်တော် Version မြှင့်ချင်တဲ့ SII i9100
နဲ့ အဆင်ပြေပါစေလို့ ပဲဆုတောင်းရမှာပေါ့..ဘာလို့ လဲဆိုတော့ Phone တွေဟာ Model
အမျိုးအစားအတိအကျတူပေမယ့် တင်ပို့ တဲ့ နိုင်ငံပေါ်မူတည်ပြီး Fireware version တွေ
ကကွာသေးတယ်လေ... ကျေးဇူးတင်ပါတယ်...

A Yate Suu said...

အကိုပြောချင်တာ S2 i9100T နဲ့ S2 i9100G လိုမတူတာမျိုးကိုပြောတာလားမသိဘူး .. အဲ့ဒါဆို အတိအကျလေးပြောပါလား .. တတ်နိုင်သလောက်လိုက်ရှာပေးလို့ရပါတယ် .. ကျေးဇူးတင်ပါတယ်

လရောင်မင်း said...

SII i9100 နဲ့  SII i9100G နဲ့ ကွာတာကိုပြောတာမဟုတ်ပါဘူးကျွန်တော်လေ့လာမိ
သလောက်ပြောရရင် SII i9100 ကို ဗီယက်နမ်က တစ်လုံးထုတ်တယ်ဆိုပါစို့ .....
နောက်တစ်လုံး SII i9100 ကိုလည်း ကိုရီးယားကထုတ်တယ်ဆိုပါစို့ ....
အဲဒီနှစ်လုံးဟာ Fireware ချင်းမတူနိုင်ဘူးလို့ ပြောတာပါ...Fireware မကိုက်တာနဲ့ 
Verison မြှင့်လိုက်မိရင် power သေတာတို့ ...ပြင်လို့ မရတာတို့  ဖြစ်မှာစိုးလို့ ပါ...
ကျွန်တော်မြှင့်မယ့် Phone ကဗီယက်နမ် Made ပါ....

လရောင်မင်း said...

တစ်ဆက်တည်း လိုချင်တာလေးတွေပြောခဲ့မယ် အကိုရေ..Samsung Galaxy S3 GT-I9300 ကို 4.1.1 Jelly Bean မြှင့်လို့ အဆင်ပြေမလား...ဘယ်လို Error တွေဖြစ်နိုင်
မလဲ ? ....SII ကို 4.1.1 Jelly Bean မြှင့်လို့ ရပြီကြားတယ်....Samsung Galaxy S3 GT-I9300 ကို မြှင့်လို့ အဆင်ပြေမယ်ဆိုရင် မြှင့်ချင်လို့ ပါ...File size (100 MB ) ကျော်
တဲ့ Software တွေဆိုရင်Media fire မှာတင်ပေးပါလား....ကျန်တဲ့ Website တွေက
IDM နဲ့ Down ရင် Download Speed သိပ်မတက်လို့ပါ..အဆင်ပြေအောင်လုပ်ပေးတဲ့
အတွက် ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ........

A Yate Suu said...

ဖုန်းတွေ မှာ အရေးကြီးတာ က Model No ပါ .. ထုတ်တဲ့ နိုင်ငံတွေ တူမတူက Kernel Version ပေါ်ကို ကြည့်ပီး အကြမ်းဖြင်း သိနိုင်ပါတယ် .. အဲ့မှာ Country Code တွေ ပါတတ်ပါတယ် .. အဲ့ကောင်ကြည့်ပီးခွဲနိုင်ပါတယ် .. Firmware ချင်း မတူနိုင်တာ ဖြစ်နိုင်ပါတယ် .. ထုတ်တဲ့နိုင်ငံပေါ်မူတည်ပီးလည်းကွာပါတယ် .. Power သေတာတို့ ပြင်လို့မရတာတို့က Update လုပ်ရင်ဖြစ်မလားတော့မသိဘူး .. ကျွန်တော့်အသိဆို Model No မတူတာကို Firmware မြှင့်လိုက်လို့ ဘာမှမတတ်တာတောင် Odin နဲ့ သူကိုက်မယ့် Firmware ရှာ ပြန်တင်လိုက်တာ အဆင်ပြေပါတယ် ..အရေးအကြီးဆုံးက Firmware မြှင့်တယ်ဆိုတာ ကျွန်တော်သိသလောက်ကတော့ Build No .. ဖုန်း ကိုက်တယ်ဆိုရင် အဆင်ပြေပါလိမ့်မယ် .. ကျွန်တော်လည်း Phone Professional မဟုတ်တဲ့ အတွက် အမှားပါရင်ခွင့်လွှတ်ပါ ။

Unknown said...

အစ်ကိုရေ samsung galaxy gt5360 ကိုversion မြှင့်ချင်လို့ပြောပြပေးပါဦးဗျာ။ ကျနော့ရှိတဲ့ version က 2.3.6 ပါ။ အဲဒါကို ဘယ်ထိမြှင့်လို့ရမလည်းခင်ဗျာ။ mail နဲ့ပို့ပေးပြောပေးပါလား။ zawthwin3@gmail.com ပါ

www.arrtakay.blog.mg.com said...

u8661 ကို version မြှင့် ချင်လို့ ပါ ဘယ်လို လုပ်ရသလဲဆိုတာ ပြောပြပေးပါ ခင်ဗျား