About Us


Free Myanmar Android Market (FMAM) ဘလော့ခ် ကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့က စတင် တည်ထောင်ခဲ့တာပါ။ အခုဆို မြန်မာပြည်မှာ မိုဘိုင်းဖုန်းသုံးစွဲသူ တော်တော်များများ ရှိလာပါပြီ။ အဲဒီထဲမှာမှ android operation system ဖုန်းတွေပိုပြီး အသုံးများလာကြတာကို တွေ့ရပါတယ်။ ဒါကြောင့်  စိတ်ကူးပေါက်တာနဲ့ ဒီဘလော့ခ်လေး ထူထောင်ဖြစ်သွားတာပါ။ အဓိက ရည်ရွယ်ချက် ကတော့ ဖုန်းနဲ့ ပတ်သတ်လာရင် အသေးအမွှား ကိစ္စလေးတွေ ဆိုရင် Service ဆိုင်ကို မသွားရပဲ ကိုယ်တိုင် လုပ်နိုင်အောင်ပါ။ ကိုယ်သိထားတာလေးကို တစ်ခြားလူလည်း သိသွားမယ်ဆိုရင် သူ့အတွက်လည်း အကျိုးရှိသွားမယ်ဆိုပြီးတော့ပါ။ Free Myanmar Android Market (FMAM) က Admin တွေ အနေနဲ့ လည်း အလှုတစ်ခု လုပ်တဲ့သဘောပါပဲ။ နည်းပညာအလှုပေါ့။  ဖြစ်နိုင်ရင် website အနေနဲ့ တင်ချင်တာပါ။ ဒါပေမယ့် budget ပိုင်း အဲလောက် မရှိတာ တစ်ကြောင်း ၊ ပြီးတော့  အားပေးမယ့်သူ မရှိသေးတာက တစ်ကြောင်းပေါ့။ အကယ်လို့ အားပေးမယ့်သူ အလျှံအပယ်ဆိုရင်တော့ နောင်ကျရင် တစ်မျိုး စဉ်းစားပါမယ်။ FMAM ဘလောခ်ကို အခု Admin ၃ယောက်တည်းနဲ့ စထောင်လိုက်တာပါ။ FMAM မှ Admin တွေ အနေနဲ့လည်း အမြဲတမ်း အကောင်းဆုံး post အသစ်တွေ တင်နိုင်အောင် ကြိုးစားနေပါတယ်။ ဝါသနာပါလို့ FMAM မှာ ဝင်ပြီး Post တင်ချင်တယ်ဆိုရင် လည်း FMAM မှ လှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်။ freemyanmarandroidmarket@gmail.com သို့ ဆက်သွယ်နိုင် ပါတယ်။

အားလုံးကို ကျေးဇူးအထူးတင်ပါတယ်