Thursday, August 23, 2012

WiFi File Explorer PRO

ဖုန်းထဲက Data တွေ PC ထဲကို အသွင်းအထုတ်ဆိုရင် Cable ကြီး ရှာရတာ တော်တော် စိတ်ညစ်ဖို့ကောင်းတဲ့ ပြဿနာပဲ ။ အဲ့တော့ Cable မလိုပဲ Data အသွင်း အထုတ် အဆင်ပြေဖို့ နည်းလမ်းရှာတော့ Data Transfer က ၃ မျိုးရှိတယ် ။ (Infared ကတော့ ဟောင်းသွားပီ/ Cloud System ကိုတော့ မပြောတော့ဘူး ကျွန်တော်တို့အတွက်နည်းနည်းဝေးနေသေးလားလို့ :) ) အဲ့ ၃ မျိုးက Cable / Bluetooth / Wifi . ခုက cable ပြဿနာကြောင့်ဆိုတော့ Cable ကို ဖယ်ထားလိုက်မယ် ။ အဲ့တော့ Bluetoot နဲ့ Wifi . Bluetooth ကလည်း Data Transfer ကို မကြိုက်ဘူးဗျာ ။ နည်းတယ် ။ အဲ့တော့ Wifi ပဲ သုံးတာ အဆင်ပြေမယ်ပေါ့ ။
အဲ့လို Wifi နဲ့ Data Trasnfer လုပ်လို့ရတဲ့ Software တွေ ရှာကြည့်လိုက်တယ် ။ အများကြီးပဲ ရှိတယ် .. အဲ့ထဲ မှာ ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ WiFi File Explorer လေးနဲ့ မိတ်ဆက်ပေးလိုက်မယ် .. တော်တော်လေး သုံးလို့အဆင်ပြေပါတယ် .. Data တွေ Down တာရော ယူတာရော .. PC နဲ့ Join လိုက်ပီဆိုရင် Browser ပဲ လိုတယ်လေ .. အဲ့တော့ ပိုအဆင်ပြေတာပေါ့ :) . ကိုယ့် ဖုန်းက IP လေးကို PC က Browser က Address မှာ ရိုက်လိုက်တာနဲ့ ချိတ်ဆက်ပီး သုံးဖို့အဆင်ပြေသွားပီပေါ့ ။ ၁ ခုတော့ ရှိတယ် Same Network ဖြစ်မှ အဆင်ပြေမယ်နော် ။လိုချင်တယ်ဆိုရင် WiFi File Explorer Icon လေးကို နှိပ်ပီးရယူနိုင်ပါတယ် ။ အားလုံး အဆင်ပြေကြပါစေ ။
PC မှာ ဖွင့်ကြည့်ပီး ဖုန်းထဲကို Install လုပ်ချင်တယ်ဆိုရင် အဆင်ပြေအောင် QR Code ပါထည့်ပေးလိုက်ပါတယ် ။

1 comments:

လရောင်မင်း said...

QR Code ကိုနားမလည်သေးပါ....အသုံးဝင်ပုံနှင့် အသုံးပြုနည်း
လေးကို ကျေးဇူးပြုပြီးရှင်းပြပေးပါ ခင်ဗျာ.........